www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 18, 2012

ပုဂ္ဂလိက စီးပွားရေး အုပ်ချုပ်မှု ယန္တရား နှင့် ၀န်ထမ်း အရည်အသွေး မြှင့်တင်ရေး စီမံချက် သင်တန်းများ ပို့ချမည်



ရန်ကုန် ၊ ၁၈-၁၁-၂၀၁၂

ဈေးကွက်စီးပွားရေး ပြိုင်ဆိုင်မှု စိန်ခေါ်မှု များဖြင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လျက် ရှိရာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍများရှိ လည်ပတ်နေသော အုပ်ချုပ်ရေး ယန္တရား များနှင့် အဆင့် အသီးသီးမှ ၀န်ထမ်းများ၏ အရည်အသွေးများ အဆင့်မြှင့် တင်ရေး စီမံချက် အဖြစ် ကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ စီးပွားရေး နှင့် စက်မှု ၀န်ကြီးဌာန ၊ ပင်လယ် ရပ်ခြား ကျွမ်းကျင်မှု ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (HIDA) တို့ ပူးပေါင်း၍ လုပ်ငန်းခွင် အရည်အသွေး မြှင့်တင်ရေး သင်တန်း များကို သတ်မှတ် ရက်များ အလိုက် UMFCCI သင်တန်း ခန်းမ၌ ပို့ချခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းများတွင် Production Management and Quality Control System သင်တန်း နှင့် Seminar ကို Managing Directors and Owners များ အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နှင့် လာမည့် နိုဝင်ဘာ၂၃ ရက်နေ့ တို့တွင် လည်းကောင်း ၊ Factory Managers and Supervisors များအတွက် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၃ ရက်နေ့တွင် လည်းကောင်း ၊ Managers, Supervisors နှင့် စက်ရုံများတွင် တာဝန် ထမ်းဆောင် နေသူများ အတွက် နိုဝင်ဘာ ၂၀ ရက်မှ ၂၃ ရက်ထိ (စက်ရုံ လက်တွေ့ လေ့လာရေး အပါအ၀င်) သင်တန်း ကာလများ ခွဲ၍ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်မည့် သင်တန်းများတွင် ဘာသာစကား အားနည်းချက်ကြောင့် အခွင့်အရေး မဆုံးရှုံး ရအောင် ပြည်ပမှ အဆင့်မြင့် ကျွမ်းကျင် ပညာရှင် များ၏ ပို့ချချက်ကို စဉ်ဆက်မပြတ် ဘာသာပြန် စနစ် ( Simultaneous Translation Sets ) ကို အသုံးပြု ပို့ချမည် ဖြစ်ပြီး ဘာသာစကား ကွာဟချက်ကို ထည့်သွင်း စဉ်းစားရန် မလိုဘဲ တက်ရောက် လေ့လာ နိုင်မည့် သင်တန်း ဖြစ်သည်။ သင်တန်းများ နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၂၁၄ ၃၄၄_ ၄၉ ၊ ext : 133, 134 နှင့် ၀၁- ၂၁၇ ၄၈၀ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger