www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2012

ကယားပြည်နယ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းဆင်းပွဲ





လွိုင်ကော် ၊ ၂၇-၁၁-၂၀၁၂

ကယားပြည်နယ် ၊ မြန်မာ့ စီးပွားရေးဘဏ် (ပြည်နယ်ရုံး) ၏ အငယ်တန်း ၀န်ထမ်းများ ဘဏ်လုပ်ငန်း ဆိုင်ရာ စာရင်း ထိန်းသိမ်းရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၂) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီက လွိုင်ကော်မြို့ ၊ မြန်မာ့ စီးပွားရေးဘဏ် (ပြည်နယ်ရုံး) ခန်းမ၌ ကျင်းပရာ ပြည်နယ် ဘဏ်မန်နေဂျာ က သင်တန်းဆင်း အမှာ စကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ် ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်း ထူးချွန်ဆု ရရှိသူများကို ဆုများ ပေးအပ်ရာ ပထမဆုရ ဖားဆောင်း မြို့နယ်ဘဏ်ခွဲ မှ အငယ်တန်း စာရေး မခရစ္စတီးနား အား ပြည်နယ် မန်နေဂျာ ကလည်းကောင်း ၊ ဒုတိယဆု ၊ တတိယဆု နှင့် သန့်ရှင်း သပ်ရပ်မှုဆု ရရှိကြ သူများအား ဒုတိယ ပြည်နယ် မန်နေဂျာ နှင့် တာဝန်ရှိသူ များက လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့် ခဲ့သည်။

အဆိုပါ အငယ်တန်း ၀န်ထမ်းများ ဘဏ်လုပ်ငန်း ဆိုင်ရာ စာရင်း ထိန်းသိမ်းရေး သင်တန်းသို့ ကယားပြည်နယ် ရုံးမှ (၁)ဦး ၊ လွိုင်ကော် ခရိုင်ဘဏ်ခွဲမှ (၂)ဦး ၊ ဘော်လခဲ မြို့နယ် ဘဏ်ခွဲမှ (၁) ဦးနှင့် ဖားဆောင်း မြို့နယ် ဘဏ်ခွဲမှ (၂) ဦး ၊ စုစုပေါင်း စာရေး ၀န်ထမ်း (၆)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်အထိ ရက်သတ္တ ၂ ပတ်ကြာ သင်ကြား ပို့ချခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger