www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2012

MDT ဆေးဝါး အလုပ်ခွင့်သင်တန်း တက်ရောက်သူတိုင်း ဆေးကုမ္ပဏီတွင် အလုပ်ရရှိစေရန် ဆောင်ရွက်ပေးမည်




ရန်ကုန် ၊ ၅-၁၀-၂၀၁၂

MDT ဆေးဝါးအလုပ်ခွင့် သင်တန်းတွင် တက်ရောက်သူတိုင်း ဆေးကုမ္ပဏီများတွင် အလုပ်အကိုင်များ ရရှိစေရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးအလုပ်ခွင် သင်တန်းတွင် ဆေးဝါးလုပ်ငန်းခွင်မှ ၀ါရင့် အတွေ့အကြုံရှိသူများ ကိုယ်တိုင် ဦးစီး သင်ကြားပေးမည် ဖြစ်ပြီး ခန္ဓဗေဒ ၊ အဏုဇီဝဗေဒ အပါအ၀င် ဆေးဝါးနှင့် ပတ်သက်ပြီး သိသင့် သိထိုက်သော ပညာရပ်များ ၊ ဆေးဝါးဖြန့်ဖြူး ရောင်းချခြင်း နှင့် ကြော်ငြာခြင်းဆိုင်ရာ အတတ်ပညာများ ၊ ဈေးကွက် စီမံခန့်ခွဲမှု အတတ်ပညာများအား နိုင်ငံခြား ရင်းနှီးမှုများ ၀င်ရောက်လာပါက အရည်အသွေး ပြည့်မီစွာ လုပ်ကိုင်နိုင်ရန် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

နယ်မှလာရောက်၍ သင်တန်း တက်လိုသူများအတွက် ဘော်ဒါဆောင် စီစဉ်ပေးမည် ဖြစ်ပြီး MDT Training Centre အမှတ် ၁၇ ၊ ၅ လွှာ ၊ လမ်း ၁၅၀ ၊ တာမွေမြို့နယ် ၊ ဖုန်း ၀၉- ၅၁၆၉၃၈၆ ၊ ၀၉- ၄၂၁၁၄၇၄၇၇ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger