www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2012

ရေစီးရေလာ ကောင်းမွန်ရေး ကွန်ကရစ်တံတား အဆင့်မြင့်တည်ဆောက်




လားရှိုး ၊ ၁၅-၁၀-၂၀၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးမြို့၌ မိုးတွင်းကာလတွင် မိုးအဆက်မပြတ် ရွာသွန်းပါက တံတားများ နိမ့်ပြီး ရေမြောင်းများ ကျဉ်း၍ ရေလွှမ်းမိုးမှု များ ဖြစ်တတ် သဖြင့် ရေစီးရေလာ ကောင်းမွန် ပြီး ရေလွှမ်းမိုးမှုများ လျော့နည်းစေရန် အတွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တံတားများ အဆင့်မြှင့်တင် ပြုပြင်ပေးခြင်း နှင့် ရေမြောင်းများ ချဲ့ထွင် ပေးလျက်ရှိကြောင်း သိရသည်။

မြိ့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများ လျော့နည်း ကျစေရေးအတွက် ရပ်ကွက် (၁) ၊ နယ်မြေ (၉) ၊ နတ်ရေကန် လမ်းရှိ ယခင် သစ်သားတံတားကို ကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်၍ ဆောက်လုပ်ပေး ခဲ့ကြောင်း သိရသည်။



အဆိုပါ ကွန်ကရစ် တံတားသည် အလျား ၁၀ ပေ ၊ အကျယ် ၁၄ ပေ ၊ အမြင့် ၆ ပေရှိပြီး နှစ်ဘက်လက်ရမ်း ပါရှိကာ ယခင် သစ်သား တံတားထက် ၁၄ လက်မ မြင့်သည်။ ကွန်ကရစ်တံတားနှင့် တစ်ဘက်လျှင် အလျားပေ ၃၀ ၊ အကျယ် ၁ ပေ ၊ အမြင့် ၆ ပေရှိ ရေထိန်း နံရံကာများပါ ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger