www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2012

ဆက်သွယ်ရေးနှင့် စာတိုက်လုပ်ငန်းများ ဘဏ်နှင့် ချိတ်ဆက်မည်




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၂

ဆက်သွယ်ရေး နှင့် စာတိုက်လုပ်ငန်းများကို ဘဏ်ဖြင့် ချိတ်ဆက်၍ နိုင်ငံတကာတွင် အသုံးပြုနေသည့် ပုံစံအတိုင်း One Stop Service စနစ်ဖြင့် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဘဏ်ဖြင့် ချိတ်ဆက်ကာ Mobile Banking နှင့် Postal Banking ၀န်ဆောင်မှု လုပ်ငန်းအသွင်ဖြင့် အဆိုပါ အစီအစဉ်တွင် ဖုန်းလျှောက်ထားခြင်း ဆိုင်ရာ ကိစ္စရပ်များ ၊ ဈေးဝယ် စင်တာများတွင် အွန်လိုင်းမှ တစ်ဆင့် ဈေးဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ၊ ယာဉ်လိုင်စင် လျှောက်ထားလိုသည့် ကိစ္စများ စသည်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ဝန်ဆောင်မှု လုပ်ငန်းနှစ်မျိုးအား Mobile Network နှင့် Postal Network တို့ကို အသုံးပြု၍ အများပြည်သူများအား One Stop Service စနစ်ဖြင့် ၀န်ဆောင်မှု ပေးနိုင်ရန် ၊ အများပြည်သူ သက်သာလွယ်ကူ စေရန် နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger