www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2012

ဂျပန်ယဉ်ကျေးမှုပြပွဲ ကျင်းပမည်




ရန်ကုန် ၊ ၁၈-၁၀-၂၀၁၂

၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ဂျပန်ယဉ်ကျေးမှု ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း MAJA မှ သိရသည်။

အဆိုပါ ပြပွဲကို မြန်မာနိုင်ငံရှိ ဂျပန်သံရုံး နှင့် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်းတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ဂျပန် ရိုးရာသီချင်း များနှင့် အကများ ၊ ဂျပန်ယဉ်ကျေးမှု ရေနွေးကြမ်းများဖြင့် တည်ခင်း ဧည့်ခံမှုများ ၊ ဂျပန်ပုံပြင် ၊ ပြဇာတ်များ စသည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန် ယဉ်ကျေးမှု ပြပွဲကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတွင် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပမည် ဖြစ်ကြောင်းနှင့် တက်ရောက်လို သူများ အနေဖြင့် MAJA ရုံးသို့ ဆက်သွယ် စာရင်း ပေးသွင်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger