www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 13, 2012

ရန်ကုန်မြို့နေ ပြည်သူများ ရေပိုမိုရရှိစေရန်အတွက် ထပ်ဆင့်ရေတွန်းစက်ရုံများ မြို့တော်စည်ပင်မှ တည်ဆောက်




ရန်ကုန် ၊ ၁၃-၁၀-၂၀၁၂

ရန်ကုန်မြို့တော် အတွင်း နေ့စဉ်ဖြန့်ဝေပေးလျက် ရှိသည့် ရေဂါလန် သန်း ၁၆၀ အား မြို့နယ် အသီးသီးရှိ ပြည်သူများထံသို့ ပို့လွှတ် ဖြန့်ဝေရေးအတွက် ရေရောက်ရှိမှုသည် ရေတွန်းစက်ရုံ များပေါ်တွင် တည်မှီနေ၍ ရေတွန်းစက်များ၏ အခန်းကဏ္ဍသည် ရေရရှိမှု အပိုင်းတွင် လွန်စွာ အရေးကြီးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရေပို့ပိုက်များ၏ အဖျားပိုင်းကျသော သင်္ဃန်းကျွန်း မြို့နယ် ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၊ ဗဟန်းမြို့နယ် နှင့် မင်္ဂလာတောင်ညွန့် မြို့နယ် စသည့် မြို့နယ် ၅ မြို့နယ်သည် အခြားမြို့နယ်များ၏ ရေရရှိမှုထက် နည်းပါးခဲ့သည့် အတွက် အဆိုပါ မြို့နယ်များတွင် ရေအား ပိုမိုရရှိနိုင်ရန် ထပ်ဆင့် ရေတွန်းစက်ရုံ ၁၃ ရုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)က တိုးချဲ့ တည်ဆောက် ပေးလျက်ရှိသည်။

အဆိုပါ တည်ဆောက်လျက် ရှိသည့် ရေတွန်းစက်ရုံများမှာ သင်္ဃန်းကျွန်း တွင် ၆ ရုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ၃ ရုံ ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် ၂ ရုံ ၊ ဗဟန်းတွင် ၁ ရုံနှင့် မင်္ဂလာ တောင်ညွန့်တွင် ၁ ရုံ ၊ စုစုပေါင်း ရေတွန်းစက်ရုံ ၁၃ ရုံ ဖြစ်သည်။ ၄င်း ရေတွန်းစက်ရုံများ တည်ဆောက်ပေးခြင်း အားဖြင့် အထက်ဖော်ပြပါ မြိုကနယ်များမှ ပြည်သူများသည် ယခင်ကဲ့သို့ ရေရရှိမှု လျော့နည်းခြင်းမှ ကင်းဝေးပြီး ရေပိုမို ရရှိတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု)မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger