www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2012

ရန်ကုန်မြို့ပတ်ရထားဘူတာရုံများ ပြန်လည်မွမ်းမံ ပြင်ဆင်သွားမည်




ရန်ကုန် ၊ ၁၅-၁၀-၂၀၁၂

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းရှိ ဘူတာရုံများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း ပြန်လည်ပြုပြင် မွမ်းမံသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အင်ဂျင်နီယာဌာနမှ သိရသည်။

ပြန်လည်ပြုပြင်ရန် လိုအပ်သည့် ဘူတာများမှာ ခရီးသည် အများဆုံး အသုံးပြုနေသော ရန်ကုန်ဘူတာ ၊ ကြို့ကုန်းဘူတာရုံ ၊ ရွာမဘူတာရုံ ၊ မင်္ဂလာဒုံဈေး ဘူတာရုံ ၊ တာမွေဘူတာရုံ ၊ မလွှကုန်း ဘူတာရုံ ၊ ပုဇွန်တောင် ဘူတာရုံ ၊ သင်္ဃန်းကျွန်း ဘူတာရုံတို့အား ဦးစားပေး မွမ်းမံပြုပြင် ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းရှိ ဘူတာရုံများ သန့်ရှင်းသပ်ရပ် ရေးနှင့် နိုင်ငံခြားသားများ အမြင်တင့်တယ်ရေး အတွက် ပြုပြင်ရန် လိုအပ်လျက် ရှိကြောင်း ၊ အထူးသဖြင့် ခရီးသည် နားနေဆောင်များ ထိုင်ခုံများ ကောင်းမွန်ရန် လိုအပ်ကြောင်း ၊ ဘူတာရုံ ပြုပြင်ခြင်း လုပ်ငန်းများကို ကုမ္ပဏီများအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားလုပ်ငန်းသည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ၀န်ထမ်းများ ၊ ကျောင်းသား ကျောင်းသူများ ၊ အလုပ်သမားများ သွားလာရေး အဆင်ပြေ စေရန်အတွက် မြို့ပတ် ရထားများ ပြေးဆွဲပေးလျက် ရှိရာ အကုန်အကျ သက်သာစွာဖြင့် သွားလာနိုင်ကြသဖြင့် အများစု အားထားနေရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger