www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2012

မိုးပွင့်အဆင့်(၄)စီမံချက် အလှူရှင်များနှင့် အခမဲ့ ကွင်းဆင်းဆောင်ရွက်




ရန်ကုန် ၊ ၁၀-၁၀-၂၀၁၂

လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ မိုးပွင့်အဆင့် (၄) စီမံချက် ကို အရှိန်အဟုန် မြင့်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ သာသနာဟိတ ဓမ္မာရုံ၌ မြို့နယ်ဦးစီးမှူး ဦးရွှေထူး ဦးစီးသော ၀န်ထမ်းအဖွဲ့သည် နိုင်ငံသား စိစစ်ရေးကတ်ပြား များကို သတ်မှတ် ထားသည့် ကုန်ကျစရိတ် အလှူရှင်များနှင့် ပူးပေါင်း၍ အခမဲ့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာသို့ လူမှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်ဝင်း ၊ ရန်ကုန် မြောက်ပိုင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်း နှင့် တာဝန်ရှိသူတို့က အခမဲ့ ကွင်းဆင်း ဆောင်ရွက်မှု အခြေအနေ များအား ကြည့်ရှု အားပေးကြပြီး သတ်မှတ် ကုန်ကျစရိတ် အလှူရှင်များ ဖြစ်ကြသော ဓာတ်ပုံရိုက်ကူးစရိတ် ၊ သွေးစစ်ဆေး စရိတ်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပေးသွင်းစရိတ် အလှူရှင် မိသားစုများအား ဂုဏ်ပြု စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger