www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 9, 2012

ဘဏ်လုပ်ငန်း ဒီပလိုမာ သင်တန်း ဖွင့်မည်




ရန်ကုန် ၊ ၉-၁၀-၂၀၁၂

ရန်ကုန်မြှို့တော် စည်ပင်လမ်းသစ် မြန်မာနိုင်ငံ ဘဏ်များအသင်းရှိ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်း (ရန်ကုန်)၌ ဘဏ်လုပ်ငန်း ဒီပလိုမာ သင်တန်း အမှတ်စဉ်(၄)ကို အောက်တိုဘာ ၂၂ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တက်ရောက်လိုသူ များသည် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်ထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီခွဲအတွင်း လျှောက်ထား နိုင်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ ဖြစ်ပြီး နေ့စဉ် ညနေ ၅ နာရီခွဲ မှ ည ၇ နာရီခွဲ အထိ သင်တန်း တက်ရောက် ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းကို ရန်ကုန်မြို့ အပြင် နေပြည်တော် နှင့် မန္တလေး တို့တွင်လည်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger