www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2012

အသစ်ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်များအား အထူးယာဉ်အဖြစ် ပြေးဆွဲခွင့်ပြုမည် မဟုတ်




ရန်ကုန် ၊ ၁၀-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်အို ၊ ယာဉ်ဟောင်း အစားထိုး တင်သွင်းရာတွင် အသစ်တင်သွင်း ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်များအား အထူးယာဉ် အဖြစ် ပြေးဆွဲခွင့် ပြုမည် မဟုတ်ဘဲ ရိုးရိုးယာဉ် အဖြစ်သာ ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်အို ၊ ယာဉ်ဟောင်း အစားထိုး တင်သွင်းရာတွင် ခရီးသည်တင် ယာဉ်တင်သွင်းမှု အများစုမှာ ၂၀၁၂ ခုနှစ် မော်ဒယ် ဟွန်ဒိုင်း အမျိုးအစား များကိုသာ အများဆုံး တွေ့ရှိရပြီး ခရီးသည်တင် ယာဉ်ပြေးဆွဲမှုတွင် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများကိုပါ ပြေးဆွဲခွင့်များ တင်ပြထားကြောင်း မထသ (ဗဟို)မှ သိရသည်။

ယခင်က စစ်ကျန်ဘတ်စ် များအား ရန်ကုန်မြို့တွင်း ဖြတ်သန်း ပြေးဆွဲခြင်းကို တားမြစ်ခဲ့ပြီး မြို့သစ်နှင့် ဆင်ခြေဖုံး မြို့နယ် များတွင်သာ ပြေးဆွဲခွင့်ပြုခဲ့စဉ်က အဆိုပါ ယာဉ်လိုင်းနေရာတွင် စီးတီးဘတ်စ် ကြီးများ အစားထိုး ပြေးဆွဲခဲ့ကြပြီး အများစုမှာ အထူးယာဉ်လိုင်း များသာဖြစ်သည်။ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ်အရ အပ်နှံလိုက်သော ယာဉ်ဟောင်းများ နေရာတွင် ပြန်လည် အစားထိုး ပြေးဆွဲရာ၌ ခရီးသွား ပြည်သူများ အဆင်ပြေ စေရန်အတွက် ရိုးရိုးယာဉ်လိုင်း များ အဖြစ်သာ ပြေးဆွဲ ခွင့် ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger