www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 6, 2012

Air Bagan လေကြောင်းလိုင်း ခရီးစဉ်များတွင် CRS System စတင်အသုံးပြုမည်




ရန်ကုန် ၊ ၆-၁၀-၂၀၁၂

အောက်တိုဘာလ မှစတင်ပြီး Air Bagan လေကြောင်းလိုင်း၏ ခရီးစဉ်များကို CRS System ကိုစတင် အသုံးပြုမည်ဟု သိရသည်။ CRS System ဆိုသည်မှာ ခရီးစဉ် ဖြည့်စွက်ခြင်း ၊ ခရီးသည်များ၏ ခရီးစဉ် အသေးစိတ် အချက်အလက်များ နှင့် Report များကို ယင်းစနစ်တွင် စနစ်တကျ ထည့်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ CRS System ကို လေကြောင်းလိုင်း တစ်ခုတွင် တပ်ဆင်လိုက်သည် နှင့် အင်တာနက် ရရှိနိုင်သော နယ်မြို့ အသီးသီး နှင့် အခြားနိုင်ငံများတွင် ရှိသော Air Bagan ရုံးခန်း အသီးသီးက ခရီးစဉ်များနှင့် လက်ခံထားသော ခရီးသည် စာရင်းများကို အချိန်နှင့် တစ်ပြေးညီ ခေါ်ယူနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် Air Bagan က CRS System ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိသော Air Bagan ရုံးခွဲနှင့် Agent Office များတွင်သာ အသုံးပြုနိုင်ကြောင်း သိရသည်။ ယင်း CRS System ကို အသုံးပြုခြင်း အားဖြင့် ခရီးသည်များ အနေဖြင့် လက်မှတ် ပျောက်ဆုံးခြင်းများ မရှိနိုင်တော့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger