Pages

Tuesday, April 2, 2019

ချင်းပြည်နယ်၌ အမျိုးသားဥယျာဉ် ငါးခု အကောင်အထည်ဖော် ဆောင်ရွက်မည်

ချင်းပြည်နယ်၌ အမျိုးသားဥယျာဉ် ငါးခု အကောင်အထည်ဖော် ဆောင်ရွက်မည်
-
ချင်းပြည်နယ်၏ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးကို ရည်ရွယ်၍ အမျိုးသား ဥယျာဉ်ငါးခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရကစီစဉ်ထားရှိကြောင်းချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနမှ သိရသည်။
-
ချင်းပြည်နယ်အတွင်းရှိ သစ်တောများ ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးသား ဥယျာဉ်များကို လေသာတောင်(ခေါ်) ကနေဒီတောင်၊ ဇိန်မှုတောင်၊ ကျီရီယာန်းတောင်၊ ဘွေပါတောင်နှင့် မီဧပီတောင်စသည့်နေရာ ငါးနေရာအား ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝပြည့်နှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့်သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ထားနိုင်သကဲ့သို့ ခရီးသွား လုပ်ငန်း၌လည်း ပိုမိုအောင်မြင် လာနိုင်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ထံမှသိရသည်။
-
ထို့ပြင် ကျေးလက်နေ ပြည်သူများ အနေဖြင့် ထင်းမီး အသုံးပြုမှုကို လျှော့ချလာစေရေးအတွက် လျှပ်စစ်မီးများကိုလည်း မြို့နယ်တိုင်းတွင် မဟာဓာတ်အားလိုင်း မှတစ်ဆင့် ထုတ်လွှတ်ပေးနိုင်ရန် စီစဉ်ထားပြီးမဟာဓာတ်အားလိုင်း မရောက်ရှိနိုင်သည့် နေရာဒေသများကိုလည်း ရေအားလျှပ်စစ်များ ဖော်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment