Pages

Tuesday, April 2, 2019

ရက် ၉ဝ ဆန် များကို အခြေခံ ဈေးသတ်မှတ်၍ ဝယ်ယူရန် စီစဉ်

ရက် ၉ဝ ဆန် များကို အခြေခံ ဈေးသတ်မှတ်၍ ဝယ်ယူရန် စီစဉ်
-
ပြည်တွင်းပြည်ပ ဝယ်လိုအား လျော့နည်းခဲ့သည့်အတွက် ဈေးနှုန်းများ ကျဆင်းနေသည့် ရက် ၉ဝ ဆန်များကို ဧပြီ ၈ ရက်မှစ၍ တစ်အိတ်လျှင် ငွေကျပ် ၁၉၅ဝဝ ဖြင့် အခြေခံဈေး သတ်မှတ်ဝယ်ယူရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ ပြောကြားချက်အရ သိရသည်။ 
-
ရက် ၉ဝ ဆန်သည် ယမန်နှစ်က တစ်အိတ်လျှင် ငွေကျပ် ၂၆ဝဝဝ ဝန်းကျင် ရှိခဲ့ပြီး လတ်တလောတွင် တရုတ်နှင့် ဥရောပသမဂ္ဂမှ ဝယ်လိုအား နည်းပါးနေသည့်အတွက် ဈေးကွက်ပျောက်ကာ ဈေးနှုန်းကျဆင်း နေသဖြင့် ယခုကဲ့သို့ ရန်ပုံငွေပြုလုပ် ဝယ်ယူရန် စီစဉ်ရခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဝယ်ယူရန် အသင်း၌ အစည်းအဝေး ပြုလုပ်ကာ အသင်းဝင်များမှ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီးနောက် ငွေကျပ်သိန်းငါးထောင် ရရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေဖြင့် စတင်ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။ 
-
''ဝယ်ယူပြီးရင် သိုလှောင်ထားပြီး ကျွန်မတို့ ဘက်ကကျတော့ လက်လီပိုင်းရောင်းဖို့ ဆောင်ရွက်မှာပါ။ ဘုရင့်နောင် ကုန်စည်ဒိုင်ဘက်က ကျတော့ ပြည်ပလက်ကားပိုင်း ရောင်းနိုင်ဖို့ ဆောင်ရွက်မှာပါ'' ဟုဝါးတန်းဆန်စပါး ကုန်စည်ဒိုင်မှ ကော်မတီဝင် ဒေါ်လှမြင့်က ပြောသည်။ နွေစပါး ကုန်ဆုံးချိန်ဖြစ်သည့် ဇွန်လအထိ ဝယ်ယူရန် စီစဉ်ထားခြင်း ဖြစ်ပြီး ယင်းသို့ ဝယ်ယူခြင်းဖြင့် စပါးဈေး တင်း ၁ဝဝ လျှင် ငွေကျပ် ၅၃ဝဝဝဝ ဝန်းကျင်အထိ ဖြစ်သွားနိုင်သည့်အတွက် စပါးအခြေခံ ဈေးအောက် ကျမသွားရန်ထိန်းညှိထားနိုင်မည် ဖြစ်သည်။ 
-
ရက် ၉ဝ ဆန်သည် အရည်အသွေးရှိသည့် သက်တမ်းတိုစပါးများ ဖြစ်ပြီး ဈေးကွက်ရှိသောကြောင့် လယ်သမားများ အားထားစိုက်ပျိုးခဲ့ရာ ယခုနှစ် နွေစပါးပေါ်ချိန် အထွက်နှုန်း ကောင်းမွန်သဖြင့် ဝယ်လိုအားနည်းပါးချိန်တွင် ဈေးကွက်အတွင်း ဈေးကျဆင်းနေခြင်း ဖြစ်ကြောင်း သိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment