Pages

Tuesday, April 2, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

-
နေပြည်တော်  ဧပြီ  ၁ 
-
မောင်တောမြို့နယ်  နယ်မြေ(၇)  မကျီးချောင်း ချောင်းဝကင်းစခန်းမှူး ဒုတိယရဲမှူး နိုင်အောင်သူ ဦးစီးသည့် တပ်ဖွဲ့ ဝင်များသည် မတ် ၃ဝ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက် ရေးရေယာဉ် အမှတ်(ဝဝ၅)ပါနှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂)နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md.  Mukter  Ali ဦးဆောင်သည့် အဖွဲ့ကစက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်းလေးစင်းတို့ဖြင့် နတ်မြစ်ကြောင်း အတိုင်း အောင်ဗလ ချောင်းဝထိပ် ရေမိုင်(၅) အနီးသို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ကြသည်။
 -
ယင်းနောက် ရေယာဉ်အမှတ် (ဝဝ၅)ပေါ်၌ နှစ်ဖက်ကင်း လှည့်သည့် အဖွဲ့များ   တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။    
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment