Pages

Wednesday, February 6, 2019

ဟိုပုံးမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်း ရမိ

ဟိုပုံးမြို့နယ်အတွင်း တရားမဝင် သစ်များ သိမ်းဆည်း ရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည်  ဖေဖော်ဝါရီ  ၄ ရက် မွန်းလွဲ ၁ နာရီတွင် ဝမ်အောကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာ၌ ရပ်တန့်ထားသော NISSAN အမျိုးအစား ၁ဝ ဘီးယာဉ်နှစ်စီးပေါ်မှ  အင်သစ်ခွဲသား ဆိုဒ်စုံ  ၁၄ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်များနှင့် တရားမဝင်သစ်များကို မိုင်းပျဉ်းမြို့နယ်သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment