Pages

Wednesday, February 6, 2019

မိုးမိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

မိုးမိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မိုးမိတ်-မဘိမ်းသွား ကားလမ်း၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့်တွင် မိုးမိတ်မှမဘိမ်းဘက်သို့ ဒေါ်သန်းနု (ဘ) ဦးအောင်ခန့် မောင်းနှင်လာသည့်  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေါ်သန်းနုအား စိတ်ကြွရူးသွပ် ဆေးပြား ၂၇၆၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို  မိုးမိတ်မြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment