Pages

Friday, February 22, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ ၂၁ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နယ်မြေ(၅)အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲငါးခူရနယ်မြေရုံးမှ ယာယီရဲမှူးကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ  ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝဝ၄)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂)နယ်ခြားစောင့်တပ် Nila ကင်းစခန်းမှ Noyeb Subedar Md Shajahan Ali  ဦးဆောင်သည့်အဖွဲ့က  စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့ဖြင့်  စပါယ်ပင်ရင်းချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်းဝထိပ်အနီး  ရေမိုင်အမှတ်(၁၅)ထိနတ်မြစ်ကြောင်းအတိုင်းနှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝဝ၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။           
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment