Pages

Friday, February 22, 2019

ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသော စက်လှေများ ဖမ်းဆီးရမိ

ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ သယ်ဆောင်လာသော စက်လှေများ ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကဘင်းကျွန်း၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာနှင့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ မသင်္ကာဖွယ်စက်လှေနှစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ အလျား ၄၃ ပေ၊ အနံ ၈ ပေ ၃ လက်မခန့်ရှိ စက်လှေပေါ်မှ ဦးသန်းဦး(ဘ)ဦးကြီးလှ အပါအဝင်အမျိုးသား ငါးဦးကို တရားမဝင် သစ်ခွဲသားဆိုဒ်စုံ ၁၁ တန်ခန့်နှင့် လည်းကောင်း၊ အလျား ၄၅ ပေ၊ အနံ ၈ ပေ ၉ လက်မခန့်ရှိ စက်လှေပေါ်မှ ဦးရွှေထွန်းအောင်(ဘ) ဦးသားအိုအပါအဝင် အမျိုးသားခြောက်ဦးကိုတရားမဝင်သစ်ခွဲသားဆိုဒ်စုံ ၁၆ တန်ခန့်နှင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါတရားမဝင် သစ်များ၊ စက်လှေများနှင့် အတူ ဖမ်းဆီးရမိသူများအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment