Pages

Friday, February 22, 2019

ပြည်တွင်း အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် BUSINESS MATCHING ပြုလုပ်ရန် တရုတ် (တိုင်ပေ) မှ ပထမဆုံး အကြိမ် ကမ်းလှမ်း

ပြည်တွင်း အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်ရန် တရုတ် (တိုင်ပေ) မှ ပထမဆုံး အကြိမ် ကမ်းလှမ်း
-
ရန်ကုန် ဖေဖော်ဝါရီ ၂၁  
-
ပြည်တွင်းရှိ  စိန်တစ်လုံးသရက်၊  နှမ်း၊ မိကျောင်းကွမ်းဖတ်၊  ရော်ဘာ၊  ကြိမ်နှင့် ဝါးများဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်ရန် တရုတ်(တိုင်ပေ)မှ ကမ်းလှမ်း လာသဖြင့် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနခွဲမှူး ဒေါ်အိအိခိုင်ထံမှသိရသည်။ ''တရုတ်(တိုင်ပေ)ကနေ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေကို ပထမဆုံး ဖိတ်ခေါ်တာပါ။ ဒီအစီအစဉ်ကို တက်ရောက်ဖို့ အများဆုံး လူဦးရေ ၁၂ ဦးလောက်အထိ လက်ခံဆောင်ရွက်ပေးမှာပါ'' ဟု  ဒေါ်အိအိခိုင် ကပြောသည်။ 
-
Myanmar Taiwan Business Match-ing & Visit Trip ကို မတ် ၂၇ ရက်မှ ၃၁ ရက်အထိ တရုတ် (တိုင်ပေ)၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှ စိန်တစ်လုံးသရက်၊ နှမ်း၊ မိကျောင်းကွမ်းဖတ်၊ ရော်ဘာ၊ကြိမ်နှင့်ဝါးများကိုဖြန့်ဖြူးရောင်းချလျက်ရှိသည့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် Business Matching ပြုလုပ်လိုသဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 
-
အဆိုပါအစီအစဉ်သို့  သွားရောက်လိုသည့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသွားအပြန် လေယာဉ်လက်မှတ်ခကိုသာအကုန်အကျခံရမည်ဖြစ်ပြီး တည်းခိုစရိတ်နှင့် စားသောက်စရိတ်တို့ကို တရုတ် (တိုင်ပေ) မှ အကုန်အကျခံမည်ဖြစ်သည်။ 
-
Myanmar Taiwan Business Match-ing & Visit Trip သို့  တက်ရောက်လိုသည့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်ဖေဖော်ဝါရီ၂၈ ရက် နောက်ဆုံးထား၍ဖုန်း-ဝ၉-၄၂၃၇၂၁၅၉ဝ နှင့် ဝ၉-၅ဝ၃၄၄၉၉ တို့သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ စာရင်းပေးသွင်းထားသည့် လုပ်ငန်းရှင်များသည် မတ် ၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၅၃)မင်းဓမ္မလမ်းနှင့်ကျိုက်ဝိုင်းဘုရား လမ်းထောင့်ရှိ SME  Center သို့  လာရောက်ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment