Pages

Wednesday, January 2, 2019

မြန်အောင် ဘိုးဘွားရိပ်သာ စတင်ဖွင့်လှစ်၍ ဘိုးဘွားများ လက်ခံ စောင့်ရှောက်ပေးလျက်ရှိ

မြန်အောင် ဘိုးဘွားရိပ်သာ စတင်ဖွင့်လှစ်၍ ဘိုးဘွားများ လက်ခံ စောင့်ရှောက်ပေးလျက်ရှိ
-
မြန်အောင် ဇန်နဝါရီ  ၁ 
-
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၂)ရပ်ကွက် ကျိုတ္တန်းအနောက်လမ်း မဟာဓမ္မိကာရာမ ကျောင်းတိုက်ဝင်းအတွင်းရှိ မြန်အောင် ဘိုးဘွားရိပ်သာကို   ယနေ့တွင်စတင်ဖွင့်လှစ်၍   ဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။ 
-
အဆိုပါ မြန်အောင်ဘိုးဘွားရိပ်သာတွင်  အဘိုး  ၂၅ ဦး၊  အဘွား ၂၅ ဦး လက်ခံမည်ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး၊   စားဝတ်နေရေးတို့ကို  ဘဝနေဝင်ချိန်အထိ  ပြုစုစောင့်ရှောက်ပေးမည် ဖြစ်ကြောင်းနှင့် စတင်ဖွင့်လှစ်သည့် နေ့တွင် အဘိုးတစ်ဦး၊ အဘွား ခုနစ်ဦးတို့ကို ပြုစုစောင့်ရှောက်မှုပေးလျက်ရှိကြောင်း မြန်အောင်ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးထံမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment