Pages

Wednesday, January 2, 2019

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၌ ဟိန္ဒူမိသားစုများ ဆီမီး ၅ဝဝဝ ထွန်းညှိ ပူဇော်ပွဲ ကျင်းပမည်

-
ကျိုက်ထို   ဇန်နဝါရီ   ၁ 
-
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌  ဟိန္ဒူမိသားစုများ စုပေါင်းလှူဒါန်းမည့် (၁၇) ကြိမ်မြောက် ဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ပွဲကို ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင်  အဆိုပါစေတီတော် ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ ''ဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ပွဲကို ဘယ်သူမဆို လိုက်လို့ရပါတယ်။ ကားလက်မှတ်က ငွေကျပ် တစ်သောင်းနှစ်ထောင်ပါ။ ဇန်နဝါရီ ၂၆ ရက် နံနက် ၅ နာရီလောက် ရန်ကုန်မြို့ရှိ သတ်မှတ်နေရာ အသီးသီးကနေ ထွက်ကြမယ်။  ဘုရားကြီးလမ်းဆုံရောက်ရင်  စားသောက်ဆိုင်မှာ နံနက်စာစားကြရင်း အားလုံးစုရပ်လုပ်ကြမယ်။  ပြီးမှဆက်ထွက်ကြမှာပါ။  တောင်ခြေရောက်ရင်တော့ ကိုယ့်အဖွဲ့တွေရော ဘုရားဖူးလာပြည်သူ အားလုံးကိုပါ သက်သတ်လွတ် ထမင်းကျွေးမယ်။   ပြီးရင် တောင်ပေါ်ကို  ကိုယ့်အစီအစဉ်နဲ့ ကိုယ်တက်ကြမယ်။  ညရောက်ရင် ဆီမီးပူဇော်ပွဲလုပ်ရင်း ည ၆ နာရီလောက်ကတည်းက ရင်ပြင်တော်ပေါ်မှာရှိတဲ့    ဘုရားဖူးလာပြည်သူတွေကို သက်သတ်လွတ် ဒံပေါက်နဲ့ဧည့်ခံမယ်။ စူပါကော်ဖီမစ်ကလည်း အဲဒီနေ့ တစ်နေ့လုံး၊ တစ်ညလုံး ဘုရားဖူးလာတဲ့ သူတွေကို ဧည့်ခံမှာပါ။ နောက်ပိုင်းမှာ  ကံစမ်းမဲနှိုက်တဲ့အစီအစဉ်လည်း ထည့်ထားပါတယ်'' ဟု ခရီးစဉ်တွင်လိုက်ပါမည့်  မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဦးသန်းစိုး ကပြောသည်။ 
-
အဆိုပါဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ပွဲကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာ ယခုနှစ် တွင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်သည်။ ယင်းခရီးစဉ်သို့  လိုက်ပါလိုသူများနှင့် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း-ဝ၉-၇၃၂၄၂၅၃၃၊ ဝ၉-၅ဝဝ၆၅၄၄ နှင့် ဝ၉-၅ဝ၉၂၄၇၉ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။ 
-
ထို့ပြင် ကားလက်မှတ်များကို  အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့်  သင်္ဃန်းကျွန်းမြို့နယ်တို့၌ အရောင်းကောင်တာ ၁၃ ခု ဖွင့်လှစ်၍ ရောင်းချလျက်ရှိပြီး ဇန်နဝါရီ ၂၁ ရက်တွင် လက်မှတ် အရောင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment