Pages

Tuesday, January 29, 2019

ကလေးသူငယ် အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာနိုင်သည့် အကြောင်းအရာများ မပါဝင်နိုင်ရန် တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေး သွားမည်


ကလေးသူငယ် အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာနိုင်သည့် အကြောင်းအရာများ မပါဝင်နိုင်ရန် တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေး သွားမည်
-
နေပြည်တော် ဇန်နဝါရီ ၂၈ 
-
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို  ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသော   ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းထားကြသော လွှတ်တော်ကိုယ်စားလှယ်များအနက် တပ်မတော်သား ကိုယ်စားလှယ် အပါအဝင် ခုနစ်ဦးတို့က ဆွေးနွေးခဲ့ကြသည်။  
-
''ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုကို ကျွန်တော်တို့အနေနဲ့ အထူးအလေးထား ပါတယ်။ ပြီးတော့ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်မှုကိုလည်းထိထိရောက်ရောက် ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လွှတ်တော်မှာ ပါဝင်ဆွေးနွေးရခြင်း ဖြစ်ပါတယ်'' ဟု ယင်းဥပဒေကြမ်းကို ဆွေးနွေးခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က အစည်းအဝေး အပြီး၌ ပြောကြားသည်။ 
-
၎င်းက ဆက်လက်၍ ''ကျွန်တော်ဒီနေ့  ဆွေးနွေးခဲ့တာက ကလေးသူငယ်ရဲ့ အသက်နဲ့ ပတ်သက်တဲ့ အထောက်အထားနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့ပြီး  တချို့စကားရပ်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။ ပြင်ဆင်ဖြည့်စွက်ရတဲ့ အကြောင်းရင်းကတော့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့အခါမှာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်မှု ရှိ၊မရှိကို တာဝန်ခံ ဝန်ကြီးဌာနဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့စိစစ်ကြီးကြပ်မှုရှိမှသာလျှင် သင်တန်းကျောင်းတွေ၊ ပရဟိတဂေဟာတွေ ဖွင့်လှစ်သင့်တယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်''ဟု ပြောသည်။ 
-
ကလေးသူငယ် အခွင့်အရေးကို အကြောင်းပြုပြီး မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာနိုင်သည့် အကြောင်းအရာများ မပါဝင်နိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကိုထိထိရောက်ရောက် ဖြစ်စေရန်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment