Pages

Tuesday, December 4, 2018

ဘုတ်ပြင်းမြို့ အနီး၌ ငါးဖမ်းစက်လှေ တစ်စင်း မီးလောင်မှု ဖြစ်ပွား

ဘုတ်ပြင်းမြို့ အနီး၌ ငါးဖမ်းစက်လှေ တစ်စင်း မီးလောင်မှု ဖြစ်ပွား
-
နေပြည်တော်  ဒီဇင်ဘာ  ၃ 
-
တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းမြို့နယ်အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂ ရက် နံနက် ၁ နာရီ မိနစ် ၅ဝ တွင် လိပ်ဥကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စင်း မီးလောင်နေကြောင်း သတင်းအရ အဆိုပါမီးလောင်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်၍ မီးငြှိမ်းသတ်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများ   ဆောင်ရွက်ပေးသည်။
-
-
အဆိုပါငါးဖမ်းလှေမှာ မြိတ်မြို့ ထားဝယ်စုရပ်နေ ဦးမောင်ဝင်းပိုင် ပဲ့နင်းဦးဝင်းသန်းထိုက် အပါအဝင်  လှေသားသုံးဦး ပါဝင်သော မြန်သိန်းတန်(တ-၃၉၅)အမည်ရှိ ငါးဖမ်း စက်လှေဖြစ်ပြီး ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် အင်ဂျင်အိပ်ဇောအပူ လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်းနှင့် ၎င်းမီးလောင်ကျွမ်းမှုကြောင့် အဆိုပါနေရာ ၌ ပဲ့ပိုင်းရေဝင်ကာ ဦးပိုင်းပေါ်လျက်အနေ အထားဖြင့် တိမ်းစောင်း နစ်မြုပ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း   သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment