Pages

Tuesday, December 4, 2018

တိုက်ကြီးမြို့နယ် ဗောဓိကုန်း ရပ်ကွက်ရှိ တေဇာရာမ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်း လုပ်အားဒါနပြုလုပ်

တိုက်ကြီးမြို့နယ် ဗောဓိကုန်း ရပ်ကွက်ရှိ တေဇာရာမ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်း လုပ်အားဒါနပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၃
-
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်ရှိ တေဇာရာမဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တိုက်ကြီး တပ်နယ်မှ တပ်မတော်သားများက စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေနိမ့်သော နေရာများတွင် မြေဖို့ပေးခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ပေးခြင်း၊ အုတ်ခဲများ သယ်ဆောင်ပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ကို  စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment