Pages

Friday, November 30, 2018

ဆိုင်ကယ်မောင်းနှင်သူများ အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဆိုင်ကယ်စီးဦးထုပ်များ ဝေငှ

ဆိုင်ကယ်မောင်းနှင်သူများ အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဆိုင်ကယ်စီးဦးထုပ်များ ဝေငှ
-
ဗန်းမော် နိုဝင်ဘာ ၂၉
-
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်သူများ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင် သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်များ ဝေငှပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့ပေါ်ရှိ လမ်းဆုံ လမ်းမကြီးများ၌ တာဝန်ရှိသူများက ကွင်း ဆင်းဆောင်ရွက်ကြသည်။
-
ထိုသို့ ဆိုင်ကယ် မောင်းနှင်သူများအား အသိပညာပေး ဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲမေ (အမျိုးသမီးတပ်ဖွဲ့ဝင်) ၁ဝ ဦးက ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းများ ရေးသားထားသည့် ဗွီနိုင်းပိုစတာများ ကိုင်ဆောင်ပြသထားရှိပြီး ဗန်းမော်ခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီဝင် ယာဉ်ထိန်းရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်သည့် ဌာနများမှ တာဝန်ရှိသူများက မြို့ပေါ်လမ်းများတွင် မောင်းနှင်သွားလာလျက်ရှိ သည့် ဆိုင်ကယ်များကို ရှောင်တခင်စစ်ဆေးပြီး ဆိုင်ကယ်စီး ဦးထုပ်မပါရှိသူများအား ဆိုင် ကယ်စီး ဦးထုပ်များ ဝေငှပေးခဲ့သည်။
-
အဆိုပါ ဆိုင်ကယ်မောင်းနှင်သူများအား အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်များ ဝေငှ ပေးရာတွင် ဗန်းမော်ခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီဥက္ကဋ္ဌ၊ ဗန်းမော် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ကော်မတီဝင်များဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးတင့်ဝေနှင့် တာဝန်ရှိသူများ၊ ဗန်းမော်မြို့ အမှတ်(၁ဝဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး သက်နိုင်ဦး နှင့်တပ်ဖွဲ့ဝင်များ၊ အင်အား ၄ဝ ကျော်က ဗန်းမော်မြို့ရှိ သိမ်မဟာ စေတီတော်ကြီး ရှေ့လမ်းဆုံနှင့် ပေါက်ကုန်းရပ်ကွက် လမ်းဆုံတို့၌ ဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း သိရသည်။
-
(၄ဝ၃)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment