Pages

Friday, November 30, 2018

လယ်ယာမြေများ လုပ်ပိုင်ခွင့်နှင့် တခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

လယ်ယာမြေများ လုပ်ပိုင်ခွင့်နှင့် တခြားနည်းဖြင့်အသုံးပြုရန် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိ
-
ရန်ကုန်  နိုဝင်ဘာ  ၂၉ 
-
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေများ လုပ်ပိုင်ခွင့်နှင့် တခြား နည်းဖြင့်အသုံးပြုရန် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးပြီး လယ်ယာမြေများ ငှားရမ်းခြင်း၊ လုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းနှင့် တရားမဝင် လုပ်ကိုင်မှုများကို   တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးထံမှ သိရသည်။
-
ယင်းကဲ့သို့ဆောင်ရွက်ရာတွင်   နိုင်ငံတစ်ဝန်းရှိ တောင်သူများ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လယ်ယာ မြေအား တခြားနည်းအသုံးပြုခွင့် တင်ပြလာမှု ကိစ္စရပ် များကို နိုင်ငံတော်၏ စားနပ်ရိက္ခာ မထိခိုက်စေရေးနှင့်  စိုက်ပျိုးစွမ်းအားတိုး တက်လာစေရေးတို့ကို    မထိခိုက်စေရန် ဆောင်ရွက်လျက်ရှိသည်။
-
လက်ရှိတွင် (၁၆) ကြိမ်မြောက် လယ်ယာ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ  စိစစ်ထောက်ခံ တင်ပြပေးပို့လာသည့် လယ်ယာမြေများကို တခြားနည်းဖြင့် အသုံးပြုခွင့် လုပ်ငန်းစာတွဲ ၆၇ တွဲ၊ ယခင် ဗဟိုလယ်ယာမြေမှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်း၊ မြေလပ်များ ကို လယ်မြေအဖြစ် သတ်မှတ်ပေးရန် ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားသော အမှုတွဲ ၁၅ တွဲတို့နှင့်ပတ်သက်၍ လယ်ယာမြေ ပုဒ်မ ၂၈ (က) အရ မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ တခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုး ခွင့်ပြုရန် ဧရာဝတီ တိုင်းဒေသကြီး စိစစ်ထောက်ခံအဖွဲ့မှ တင်ပြ  ထားခြင်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
-
ထို့ပြင် မြေလွတ်၊ မြေရိုင်းနှင့် မြေလပ်များကို ခွင့်ပြုမိန့်မရရှိဘဲ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း ကောင်း၊ ယခုအချိန်မှစ၍ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို လုပ်ကိုင်လိုသောပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း လုပ်ကိုင်ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ် ချက်များ  ထားရှိ ဆောင်ရွက်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment