Pages

Thursday, November 29, 2018

ပြည်ထောင်စုတရားသူကြီးချုပ် ပထမအကြိမ် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲနှင့် အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး ပြန် လည်ရောက်ရှိ

ပြည်ထောင်စုတရားသူကြီးချုပ် ပထမအကြိမ် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲနှင့် အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ
-
နေပြည်တော် နိုဝင်ဘာ ၂၈ 
-
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ''ပထမအကြိမ် ဘင်းမ်စတက်နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ စကားဝိုင်းဆွေးနွေးပွဲ'' «First Round Table of the Head of Judiciary of BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) Countries»နှင့် နိုဝင်ဘာ ၂၆ ရက်တွင်ကျင်းပသည့် ''အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အခမ်းအနား'' (Constitution Day Celebrations)တို့သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိသည်။
-
ပည်ထောင်စု တရားသူကြီးချုပ်သည် ဘင်းမ်စတက် နိုင်ငံများမှ တရားစီရင်ရေး အကြီးအကဲများ ၏စကားဝိုင်း ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် အိမ်ရှင် အိန္ဒိယနိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ ဒုတိယတရားသူကြီးချုပ်၊ တရားသူကြီးများနှင့် အတူ နည်းပညာနှင့် တရားမျှတမှု လက်လှမ်းမီရေး၊ အကြမ်းဖက်မှုခင်းများအား စစ်ဆေး စီရင်ခြင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှုများနှင့်စပ်လျဉ်းသည့် အတွေ့အကြုံ များကို ဆွေးနွေးဖလှယ်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စု တရားသူကြီးချုပ်သည် အိန္ဒိယနိုင်ငံ တရားရုံးချုပ်က ဦးဆောင်ကျင်းပသည့် (၆၉)ကြိမ်မြောက် အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အခမ်းအနားသို့လည်း တက် ရောက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment