Pages

Thursday, November 29, 2018

ဒေသနှင့်ကိုက်ညီသော မြေပဲမျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း ကွင်းသရုပ်ပြသ

ဒေသနှင့်ကိုက်ညီသော မြေပဲမျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း ကွင်းသရုပ်ပြသ
-
ချောက် နိုဝင်ဘာ ၂၈ 
-
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆားတောင်အုပ်စု ဆားတောင်ကျေးရွာ တောင်သူ ဦးဝင်းညွန့် ၏ယာမြေ၌ ယနေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသနှင့် ကိုက်ညီသော ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသည့် မြေပဲမျိုး ခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
-
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် ရေအရင်း အမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့ အပေါ် ထိရောက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း Cesvi မြို့နယ်ညှိနှိုင်း ရေးမှူးတို့ က သရုပ်ပြ မြေပဲမျိုးစိုက်ပျိုးမှုတို့ကို ရှင်းလင်း ပြောကြားသည်။
-
''ဒေသနဲ့ကိုက်ညီတဲ့ ဆင်းပဒေသာ- ၇ ကို ကြိုက်တယ်။ တောင်သူတွေအနေနဲ့ အကျိုးအမြတ် အများဆုံး စိုက်ပျိုးနိုင်မယ့် မျိုးတွေကို ရွေးချယ်နိုင်ဖို့ရည်ရွယ်ပြီး ကွင်းဆင်း သရုပ်ပြတာ ဖြစ် ပါတယ်'' ဟု တောင်သူတစ်ဦးက ပြောသည်။
-
ဆက်လက်၍ စမ်းသပ် မြေပဲ ခြောက်မျိုးတို့မှ ဒေသခံတောင်သူများနှင့် ကိုက်ညီမည့် မြေပဲ မျိုးတို့ကို ဆန္ဒပြုလက်မှတ် ကောက်ယူခြင်း ပြုလုပ်ပြီး မကွေးခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး မှူးနှင့် မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံတောင်သူတို့က စမ်းသပ်ကွက် အတွင်းရှိ မြေပဲခြောက်မျိုးတို့၏ ဥနှင့် အဆန် အထွက်နှုန်းတို့ကို ကြည့်ရှု စစ်ဆေးကြသည်။
-
အဆိုပါ စမ်းသပ်မြေပဲ မျိုးခြောက်မျိုးတို့ မှာ ကျောင်းကုန်းပင်မြင့်၊ ဆင်းပဒေသာ ၇၊ ဆင်းပ ဒေသာ ၁၁၊ ဆင်းပဒေသာ ၁၃၊ မကွေး ၁၆၊ YZG 99013 တို့ဖြစ်ကြောင်း သိရသည်။
-
ကျော်မိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment