Pages

Tuesday, October 30, 2018

မြန်မာ့လက်ရွေးစင် အသင်း တတိယမြောက် ခြေစမ်းပွဲတွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိ

မြန်မာ့လက်ရွေးစင် အသင်း တတိယမြောက် ခြေစမ်းပွဲတွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိ
ရန်ကုန်  အောက်တိုဘာ   ၂၉
-
၂ဝ၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ ဒိုဟာ မြို့၌ လေ့ကျင့်နေသည့် ပဏာမ မြန်မာ့ လက်ရွေးစင်အသင်းသည်  ယမန်နေ့ညက လေ့ကျင့်ရေးကွင်း၌ ကာတာကလပ်အသင်း ဖြစ်သည့် Qatar Military National  Team နှင့် ဒုတိယအကြိမ် ခြေစမ်းပွဲအဖြစ် ကစားခဲ့သည်။
-
ထိုပွဲတွင်  မြန်မာ့ လက်ရွေးစင်အသင်းက ပထမပိုင်း သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင်  မြန်မာ့ လက်ရွေးစင် အသင်းက ကစားသမား အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပြီး တိုက်စစ်တွင် ဇင်မင်းထွန်းနှင့် အီစိုးတို့ ပါဝင် ကစားခဲ့သည်။  Qatar Military National Team ကလည်း အမာခံကစား သမားတချို့ ပါဝင် လာသည်။
-
အနိုင်ဂိုးများကို ဇင်မင်းထွန်းနှင့် အီစိုးတို့က  သွင်းယူပေးခဲ့သည်။   ယခုပွဲစဉ်တွင် လက်ဒဏ်ရာရနေသည့် တိုက်စစ်မှူး အောင်သူလည်း လူစားဝင် ကစားခဲ့သည်။
-
မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာ ၁၉ ရက်က ကာတာလိဂ် ချန်ပီယံ AI Duhail SC အသင်းနှင့်  ခြေစမ်းရာ  ၂ ဂိုး - ၁ ဂိုးဖြင့်  ရှုံးနိမ့်၍ အောက်တိုဘာ ၂၄ ရက်က Qatar Military National  Team နှင့်  ကစားသော ခြေစမ်း ပွဲတွင် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျပြီး  ယခုအကြိမ်တွင်  နှစ်ဂိုးအသာဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။  ယခု ပွဲသည်   နည်းပြချုပ်    အန်တွမ်နီဟေး လက်ထက် ပထမဆုံး နိုင်ပွဲဖြစ်ပြီး ခြေစမ်းပွဲ ခြောက်ပွဲကစားရာ တစ်ပွဲနိုင်၊  လေးပွဲ ရှုံး၊  တစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။                     
-
အက်စ်တီ
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment