Pages

Tuesday, October 30, 2018

(၉) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးပြိုင်ပွဲကျင်းပ

(၉) ကြိမ်မြောက် ဂျပန်ဖလား ကရာတေးပြိုင်ပွဲကျင်းပ
ရန်ကုန်  အောက်တိုဘာ ၂၉
-
ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၉)ကြိမ်မြောက် ဂျပန်ဖလား ကရာတေး ပြိုင် ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
-
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro Maruyama က အဖွင့်အမှာ စကား ပြောကြား ပြီး မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဇော်က ကျေးဇူးတင် စကားပြောကြားသည်။ 
-
ထို့နောက် ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ပြိုင်ပွဲဝင်အသင်းများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ကြပြီး ကရာတေးကစား သမားများက ကရာတေး အခြေခံ၊  ပြိုင်ပွဲဝင်ပုံစံနှင့်  ကိုယ်ခံပညာ အသွင်တို့ကို သရုပ်ပြ ကစားကာ ပထမနေ့ ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ခဲ့ကြသည်။
-
''အရင်က တံခွန်စိုက်ပြိုင်ပွဲကို တစ်နှစ်မှ တစ်ကြိမ် ကျင်းပတာပါ။  အခု သုံးကြိမ်ဖြစ် လာတယ်။ အခုကျင်းပတဲ့ ဂျပန် ဖလားပွဲဆို လည်းတံခွန်စိုက်၊ ပြီးရင် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆိုပြီး ဇွန်လမှာ တစ်ကြိမ် ထပ်မံကျင်းပတယ်။ အဲဒါလည်း တံခွန်စိုက်ပါပဲ။ ပြီးရင် ဒီဇင်ဘာ ဒါမှမဟုတ် ၂ဝ၁၉ ခုနှစ်  ဇန်နဝါရီလမှာ နည်းပြဆရာ တာကူရားမား ကပ်ကို ဂုဏ်ပြု တဲ့ပွဲ အဲဒါလည်းတံခွန်စိုက်ပါပဲ။   တံခွန်စိုက် ပွဲသုံးပွဲဖြစ်တဲ့အတွက်  ၁၂ နှစ်ကလေးတွေ၊ ၁၄ နှစ်က လေးတွေ ဒီမှာပြိုင်ခွင့် ရကြတယ်။  ဒါကြောင့်  ကရာတေးက ပိုပြီးတော့တိုးတက် လာတယ်။ ကစားတဲ့ ဦးရေကလည်း ပိုများ လာပါတယ်''ဟု မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်မိုး ကပြောသည်။
-
(၉)ကြိမ်မြောက် ဂျပန်ဖလား ကရာတေး ပြိုင်ပွဲတွင် စီနီယာတန်းဖြစ်သည့် အသက် ၁၈ နှစ်အထက်ပြိုင်ပွဲ၊   ဂျူနီယာ တန်းဖြစ် သည့် အသက် ၁၈ နှစ်နှင့် ၁၆ နှစ်ကြား၊ အသက် ၁၆ နှစ်နှင့် ၁၄ နှစ်ကြား၊ အသက် ၁၄ နှစ်နှင့် ၁၂ နှစ်ကြား၊ အသက် ၁၂ နှစ်နှင့်  ၁ဝ နှစ်ကြားအတန်းများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် အင်အားအနေဖြင့် အမျိုးသား ၂၂၄  ဦးနှင့် အမျိုးသမီး ၁၁၁ဦး ပါဝင် မည်ဖြစ်ကာ အသင်း ၃၁သင်း ပါဝင်ကြောင်း သိရသည်။
-
ဝန်းရံခ 
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment