Pages

Tuesday, October 30, 2018

အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


တောင်ကြီး  အောက်တိုဘာ ၂၉  
-
ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် UNDP တို့ပူးပေါင်းကျင်းပသော အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ  Royal Taunggyi ဟိုတယ်ခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အင်းလေးကန်သည် ထူးခြား သည့် ရိုးရာယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းမှု အလေ့အထများကြောင့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင် မှု ရှိသည့် ဒေသဖြစ်ပါကြောင်း၊ အင်းလေးကန်၏ အချို့နေရာများ၌  ကန်၏အခြေအနေမှ ကျွန်းမျော စိုက်ပျိုးရေးခြံနှင့် လယ်ကွက်များအကြား ရေမြောင်းကဲ့သို့ ဖြစ်နေပြီး ကန်ရေသည်လည်း ညစ်ညမ်းမှုဖြစ်နေကာ ကန်ရေ သောက်သုံး သူနှင့် ငါးများအတွက် အင်းလေးကန်ရေ ထိန်းသိမ်းမှု လိုအပ်ပါကြောင်း၊ အင်းလေးကန် ထိန်းသိမ်းရေးနှင့်  ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရ တို့က ဦးဆောင်လျက်ရှိပြီး ကြိုးစားပမ်းစား လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း  ပြောကြားသည်။
-
ဆက်လက်၍ နော်ဝေသံရုံးမှ  ဝန်ကြီးအတိုင်ပင်ခံ Lise Nordgaardနှင့် UNDP မှ ပရောဂျက် မန်နေဂျာ (နည်းပညာ ဆိုင်ရာ အကြံပေး) Martin Cosier တို့က အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို  လုပ်ဆောင်နေသည့်   အင်းလေးကန်  အုပ်ချုပ် လုပ်ကိုင်ရေးအဖွဲ့ကို အားဖြည့် ကူညီဖွဲ့စည်းကာ စီမံကိန်းကို ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ   ခွင့်ပြုချက်ရယူခဲ့ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် MoU ရေးထိုးကာ နော်ဝေ အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
-
ထို့နောက် သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က  အင်းလေး ကန် ရေရှည် တည်တံ့ရေးအတွက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လုပ်ငန်းဆောင်ရွက်မည့် အစီအမံ များနှင့်   တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
-
ယင်းနောက် တက်ရောက် လာကြသူများက  အင်းလေးကန် ထိန်းသိမ်းရေးနှင့် အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment