Pages

Friday, October 26, 2018

မြိတ်မြို့ရွှေနန်းတောင်တစ်ကမာလုံး အေးချမ်းသာဘုရားသို့ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား

မြိတ်မြို့ရွှေနန်းတောင်တစ်ကမာလုံး အေးချမ်းသာဘုရားသို့ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား
မြိတ် အောင်တိုဘာ ၂၅ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု   ကွမ်းသီးချောင်းကျေးရွာရှိ ရွှေနန်းတောင်တစ်ကမ္ဘာလုံး အေးချမ်းသာ ဘုရားသို့ ယမန်နေ့က ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
-
အဆိုပါဘုရားတွင် ဘုရားဖူး လာရောက်သူများ ကြည်ညိုဖွယ်ရာ ကမ္ဘာလုံးစေတီ၊ ရပ်တော်မူဘုရားရုပ်ပွားတော်မြတ်နှင့် ရက်လုပ်ဆဲဖြစ်သော ကမ္ဘာတွင် အကြီးဆုံး ထိုင်တော်မူနှီးဘုရား ရုပ်ပွားတော်မြတ်ကို တည်ထား ကိုးကွယ်ထားပြီး ရေပန်းကန်၊ ငှက်ပျောသီး ပုံသဏ္ဌာန် ထိုင်ခုံ၊ နာနတ်သီးထိုင်ခုံများ ထားရှိသည့်အပြင် ရင်ပြင်အပေါ်မှကြည့်ပါက   လေးဖက် လေးထောင့်တွင်  သာယာလှပသော ရှုခင်းများကို တွေ့မြင်နိုင်သည်။
-
ထိုသို့ ဘုရားဖူးလာရောက်ကြသူများသည် ရုံးပိတ်ရက်နှင့်  အခါကြီးရက်ကြီး နေ့ထူးနေ့မြတ်တို့တွင်  ပိုမိုများပြားလျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment