Pages

Friday, October 26, 2018

နန်းဖဲကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများစစ်ဆေး


ဘောလခဲ အောက်တိုဘာ ၂၅
-
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့ နန်းဖဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁ဝ နာရီတွင် ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
-
အဆိုပါ နန်းဖဲကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းငွေဖြင့် ချေးယူဆောင်ရွက်နေသူ ဒေါ်စောကပေါ်ထူးက ဝက်မွေးမြူရေး၊ ကုန်မျိုးစုံရောင်းဝယ်ရေးအပြင် ယခုအချိန်တွင် ဆောင်းသီးနှံဖြစ်သည့် ပြောင်း၊
ပြောင်းကောက်၊ နေကြာများ စိုက်ပျိုးလျက်ရှိကြောင်း ပြောကြားသည်။
-
ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နန်းဖဲကျေးရွာအား စတုတ္ထအကြိမ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရင်းနှီးမတည် ချေးငွေကျပ် ၃၈၄ဝဝဝဝဝ ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ
၁ဝ ရက်က ထုတ်ချေးခဲ့ပြီး ယခုအခါ အရင်း အတိုးရငွေ စုစုပေါင်း ငွေကျပ် ၄၂၆၄၂ဝဝဝ ကို ပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။
(၄ဝ၅)

No comments:

Post a Comment