Pages

Thursday, September 27, 2018

နမ့်စန်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၂ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ နမ့်စန်မြို့နယ် မက်မွန်မုန်း ကျေးရွာအုပ်စု အမှတ် (၃) ကျေးရွာအနီး နမ့်စန်-ခိုလမ် သွားကားလမ်း၌ မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးစဉ် စက်တင်ဘာ ၂၅ ရက်ညနေ ၅ နာရီခန့်တွင် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ လောက်ဆန်း (ဘ) ဦးလောက်ကျိုး မောင်းနှင်လာသော ပါဂျဲရိုးအမျိုးအစားမော်တော်ယာဉ်အမှတ်၊9F/----- ကို ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်ဖြင့် ထုပ်၍ သယ်ဆောင်လာသော ICE အဖြူရောင် အခဲ/အမှုန့် ရှစ်ကီလိုဂရမ်နှင့် ကဖင်းအဖြူရောင် အခဲ/အမှုန့် နှစ်ကီလို ဂရမ်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၂ဝဝဝကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသောတပ်ဖွဲ့ဝင်များသည် ည ၁ဝနာရီခန့်တွင် ဟိုပိတ်အိုရီယမ်တယ် တိုးဂိတ်အနီး ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ယာဉ်မောင်း ဖြိုးကို(ဘ)ဦးအမြီဘိုင် မောင်းနှင်ပြီး မဲမောင် (ဘ) ဦးဟာရှင်လိုက်ပါလာသည့် MARK-X အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MGY-1F/-----ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ 88/1စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၈ဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၉ဝဝကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို စိစစ်မေးမြန်းချက်အရ မူးယစ်ဆေးဝါးများကို လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၆) မီးသွေးဆိုင်လမ်းနေ ဘိုဖြူ(ဘ)ဦးတင်စိုးဆိုသူက သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဘိုဖြူ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ဘိုဖြူကို တွေ့ရှိခြင်းမရှိဘဲ ၎င်း၏ နေအိမ်အတွင်းရှိ စားပွဲပေါ်မှ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇ဝနှင့်မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက်တပ်လျက် ရေသန့်ဘူး တစ်ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူ သုံးဦးကို နမ့်စန်မြို့မရဲစခန်းက တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#  မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment