Pages

Thursday, September 6, 2018

အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သန့်ရှင်းရေးဆောင်ရွက်၊ ရထားစီးခရီးသည်များကို တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်




နေပြည်တော် ၆-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဆွာချောင်း ရေလှောင်တမံ ရေလွှဲတံခါး ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ခန်းများအတွင်း တင်ကျန်ခဲ့သော နုန်းမြေများ ဖယ်ရှားပေးခြင်း၊ ကျောင်းအတွင်း လမ်းများ မြေဖို့ပေးခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် အမှိုက်များရှင်းလင်း ဖယ်ရှားခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် ရေတာရှည်တပ်နယ်နှင့် တောင်ငူတပ်နယ်မှ တပ်မတော်သားများက စုပေါင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ရေတိုက်စားမှုကြောင့် ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်မန္တလေး အဆန်ရထားခရီးစဉ် အမှတ်(၃)မှ ခရီးသည် ၄၇၁ဦး၊ ရထားဝန်ထမ်း ၁၄ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ် အမှတ်(၄)မှ ခရီးသည်ဦးရေ ၃၅ဝ၊ ရထားဝန်ထမ်း ၁၅ဦး တို့ကိုလည်းကောင်း ၊ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၃၁၇ဦး၊ ရထားဝန်ထမ်း ၁၄ဦးနှင့် မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၃ဝ၉ဦးကိုလည်းကောင်း ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ ဘူတာတို့ကြား အပြန်အလှန်ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment