Pages

Thursday, September 6, 2018

MNDAA အကြမ်းဖက်သောင်းကျန်း သူများထံမှ Czech Republic နိုင်ငံထုတ် စနိုက်ပါ တစ်လက်အပါအဝင် လက်နက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိ



နေပြည်တော် ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မုံးယော်-မုံးကျက်ဒေသ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၂ ရက် နံနက် ၁ဝနာရီ ၁ဝမိနစ်ခန့်တွင် မုံးကျက်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉ဝဝဝခန့် အကွာသို့ အရောက်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ဦးရေ ၅ဝခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူများ နံနက် ၁ဝနာရီခွဲခန့်တွင် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဆုတ်ခွာရာသို့ လိုက်လံရှင်းလင်းစဉ် ရန်သူ့ထံမှ Made in Czech Republic၊ B-446958 စာတန်းပါ CZ-750 S1M1အမျိုးအစား စနိုက်ပါ တစ်လက်အပါအဝင် လက်နက်မျိုးစုံ သုံးလက်၊ ကျည်မျိုးစုံ၊ လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment