Pages

Thursday, September 6, 2018

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ကယားပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကလေးငယ်တစ်ဦးအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစဉ်။

နေပြည်တော် ၆-၉-၂ဝ၁၈

ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့သည် ယနေ့တွင် ဖရူဆိုမြို့၊ရှားတောမြို့၊ ဖယ်ခုံမြို့နယ် အလယ်ကရမ်း ကျေးရွာအုပ်စု ဆီဘူးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၃၇၁ဦးတို့ကို အဆိုပါမြို့များနှင့် ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် နယ်လှည့် အထူးကုဆေး အဖွဲ့များက ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၁၁ဦး၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ ၁၄၂ဦး၊ ကလေးရောဂါ ၁၇၃ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၁ဝ၃ဦး၊ အရိုးရောဂါ ၇၈ဦး၊နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ဦး၊ မျက်စိရောဂါ ၁၈၉ဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၁၄၁ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၂ဦးနှင့် အထွေထွေခွဲစိတ် လူနာလေးဦး တို့ကို ရွေ့ လျားခွဲစိတ်ကုသ ယာဉ်ပေါ်၌ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာဦး ရေ ၄ဝ၊ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်လူနာဦးရေ ၃ဝ၊ အီးစီဂျီဖြင့် နှလုံးစမ်းသပ်လူနာ ၇၃ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၂ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးရုံလွှဲပြောင်း ကုသရန် လိုအပ်သည့်လူနာ ခုနစ်ဦးကို လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လူနာများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment