Pages

Wednesday, September 5, 2018

တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မူရားကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်





နေပြည်တော် ၅-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ မူရားကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ သွားရောဂါ၊ အရိုးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၇၉ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာနှစ်ဦးအား တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment