Pages

Wednesday, September 5, 2018

ပင်လောင်း-နေပြည်တော်သွား ကားလမ်းပေါ် ၌ မြေပြိုကျသည့် နေရာများကို ရှင်းလင်းဖယ်ရှား



နေပြည်တော် ၅-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်း စက်တင်ဘာ ၃ရက် ညပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပင်လောင်း-နေပြည်တော် ကားလမ်းပေါ်ရှိ မိုင်တိုင် ၄၆၊ ၅၂နှင့် ၅၆
အနီးတို့တွင် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည့် နေရာများ၌ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာ နိုင်ရေးအတွက် ပင်လောင်းတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြေသားများကို ရှင်းလင်းဖယ်ရှားခြင်း၊ ကျောက်တုံးကျောက်ခဲများ ဖယ်ရှားခြင်းနှင့် ရေမြောင်းများ ပြန်လည်တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သဖြင့် ယနေ့မွန်းလွဲပိုင်းတွင် လမ်းပွင့်သွားပြီး ယခင်အတိုင်း ယာဉ်ကြီး၊ယာဉ်ငယ်များ ပြန်လည်သွားလာ နိုင်ပြီဖြစ်သည်။

ထိုသို့ ဆောင်ရွက် ပေးနေမှုများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment