Pages

Wednesday, September 5, 2018

တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ ရထားစီးခရီးသည်များအား တပ်မတော်မှမော်တော်ယာဉ်များ ဖြင့်ပို့ဆောင်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရေဘေးသင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

တပ်မတော်မှ City Bus မော်တော်ယာဉ်ဖြင့် ခရီးသည်များနှင့် ဝန်ထမ်းများအား ပို့ဆောင်ပေးစဉ်။

နေပြည်တော် ၅-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သာဂရကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့ တွင် ဆွာရေဘေး ကယ်ဆယ်ရေးတွင်ရောက်ရှိနေသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၄ ပါးနှင့် ဒေသခံ ပြည်သူ ၂၆၁ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ ၀မ်းပျက်ဝမ်းလျှော ရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သော လူနာများအားတောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက် ပေးပြီးအဆိုပါဘုန်းတော်ကြီးကျောင်း၌ တောင်ငူတပ်နယ်မှ တပ်မတော်သားများကအမှိုက်များ၊ သစ်ပင် သစ်ကိုင်းများနှင့် ချုံနွယ်ပေါင်း မြက်များရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်းလမ်းများပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးသည်။ 

ထို့ပြင် ရေတိုက်စားမှုကြောင့် ရထားစီးခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရန်ရေတာရှည်နှင့် ဆွာဘူတာ အကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၄၂၁ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးနှင့် မန္တလေး-ရန်ကုန်အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၃၄၇ ဦးနှင့် ရထားဝန်ထမ်း ၂၀ ဦးတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ် (၁၁)မှ ခရီးသည် ၂၈၇ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးနှင့် မန္တလေး-ရန်ကုန်အစုန်ရထား ခရီးစဉ် အမှတ် (၁၂)မှ ခရီးသည် ၂၄၃ ဦး၊ ရထားဝန်ထမ်း ၂၀ ဦးတို့ကို ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန် အလှန်ပို့ဆောင်ပေးခဲ့သည်။ 

အလားတူ တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များသည် တောင်ငူမြို့၊ ရပ်ကွက် (၂၀)၊နယ်မြေ (၁၈)၊ လောကုတ္တရာစကားစာသင်တိုက်ဓမ္မာရုံရှိ ရေဘေးသင့်ဒေသခံပြည်သူ ၃၄၀ ဦးအား ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့ကကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သောလူနာ ၁၆ ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment