Pages

Thursday, August 30, 2018

တစ်ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော IT ပစ္စည်းများ


Lenovo Intel® Core™ i7 Laptop

Lenovo Intel® Core™ i7 Laptop သည် မျက်နှာပြင် အကျယ် ၁၅ ဒသမ ၆ လက်မရှိပြီး Intel® Core™ i7-8750H Processor ကို အသုံးပြု ထားသည့်အတွက် သုံးစွဲသူများကို အံ့သြစေလောက်သော သွက်လက်မြန်ဆန်နှုန်း ဖြင့်လုပ်ဆောင် ပေးနိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။

Memory 8GB DDR4 2666 နှင့် NVIDIA® Geforce ® GTX 1050G DDR5 2G ကို အသုံးပြုထားသည်။

HDD ၌1000GB ပါဝင်သဖြင့် အချက်အလက် များစွာ သိမ်းဆည်းရာတွင် တစ်စုတစ်စည်းတည်း သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ တစ်နှစ် အာမခံပါရှိပြီး ကျောပိုးအိတ် တစ်လုံးလက်ဆောင် ပါရှိမည် ဖြစ်သည်။ အရောင်မှာ အနက်ရောင် ရရှိနိုင်သည်။

ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၁၆၉ဒေါ်လာခန့်ဖြစ်ပြီး KMD ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment