Pages

Tuesday, August 28, 2018

စလင်းရေလှောင်တမံတွင် ရေပြည့်ဝစွာ သိုလှောင်ထားရှိနိုင်ခဲ့ ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေ လုံလောက်စွာ ဖြန့်ဝေသွားမည်



စလင်း ၂၈-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံတွင် ရေပြည့်ဝစွာ သိုလှောင်ထားရှိနိုင်ခဲ့၍ စလင်းရေလှောင် တမံအတွင်းမှ ရေကိုလင်းဇင်းရေလွှဲ ဆည်မှတစ်ဆင့် ဆည်ရေသောက် ဧရိယာများသို့စိုက်ပျိုးရေ လုံလောက်စွာ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စလင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါး ၃၁၈၅၄ဧက လျာထားစိုက်ပျိုးမည် ဖြစ်ပြီး အဆိုပါ လျာထားစိုက်ပျိုး ထားရှိမည့် မိုးစပါး စိုက်ခင်းများအတွက် တမံအတွင်း ရေအပြည့်အဝ သိုလှောင်ထားနိုင်ခဲ့၍ တောင်သူများကို စိုက်ပျိုးရေဖူလုံစွာ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ မင်းဘူးခရိုင်သည် မိုးစပါးဧက အများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး စလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် မိုးစပါး ၃၁၈၅၄ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့ထိ မိုးစပါး ၂၇၉ဝဝ ဧကကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်က ပြောပြ၍ သိရသည်။

စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ရေသောက်ဧရိယာအတွင်း ယခုအခါ မိုးစပါး လျာထားဧက၏ ၉ဝရာခိုင်နှုန်းကျော် စိုက်ပျိုးရေရရှိနေပြီး စိုက်ပျိုးရေများ အလုံအလောက် ဖြန့်ဝေပေးနိုင်ရန် အတွက်ကိုလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျ ပေးဝေနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံ တောင်သူများသည် စိုက်ပျိုးရေ လုံလောက်စွာ ရရှိသည့်အတွက် သီးနှံများ အချိန်မီ စိုက်ပျိုးခွင့်များ ရရှိခဲ့သဖြင့် ယခုအခါ စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment