Pages

Tuesday, August 7, 2018

ဆပ်ပြာမှုန့်များနှင့် ရောနှောသယ်ဆောင်လာသော စိတ်ကြွဆေးပြားများဖမ်းဆီးရမိ



ကျိုက်ထို ၇-၈-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့တောင်သူ စုရပ်ကွက်တွင် သြဂုတ် ၅ ရက် ညနေပိုင်းက ဆပ်ပြာမှုန့်များနှင့် ရောနှောသယ်ဆောင် လာသော WY စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

သထုံခရိုင် ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ မိုးကောင်းကင် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် မြဝတီမြို့နေသူမင်းမင်း၊ နိုင်ထူးတို့နှစ်ဦးကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းတို့ နှစ်ဦးထိုင်နေသည့် စားပွဲပေါ်တွင် တင်ထားသည့် ဆပ်ပြာမှုန့်ထုပ် အတွင်းမှ ဆပ်ပြာမှုန့်များနှင့်အတူ ရောနှော သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား၁၃၈၆ပြား၊ အစိမ်းရောင် ဆေးပြား ၁၄ပြား စုစုပေါင်းဆေးပြား ၁၄ဝဝ ကာလတန်ဖိုးငွေကျပ် သိန်း ၇ဝခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို ဆက်လက်စစ်ဆေးရာ ဆေးပြားများကို မြဝတီမြို့ သရက်ပင်ဂိတ် အနီးနေသူ မအိဆိုသူထံမှ ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၃ဝဝဝနှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မအိဆိုသူကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက် နေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မင်းမင်း၊ နိုင်ထူးနှင့် ရောင်းချသူ မအိတို့ကို ကျိုက်ထိုမြို့မရဲစခန်းက မယ(ပ)၁၁/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment