Pages

Tuesday, August 28, 2018

မုံရွာတက္ကသိုလ်နယ်မြေနှင့် ချင်းတွင်းဆိပ်ကမ်းရှိ စုံတွဲအများစုအား ဓားထောက်ခြိမ်းခြောက်ကာ အုပ်စုဖွဲ့လုယက်သည့်လူငယ်များကို ဖော်ထုတ်အရေးယူ



မုံရွာ ၂၈-၈-၂ဝ၁၈

မသင်္ကာဖုန်းခိုးသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မုံရွာတက္ကသိုလ်နယ်မြေနှင့် ချင်းတွင်းဆိပ်ကမ်း ရှိစုံတွဲများကို ဓားထောက် ခြိမ်းခြောက်ပြီး ဖုန်းနှင့် ငွေကြေးများ လုယက်သည့် အုပ်စုဖွဲ့လုယက် လူငယ်များကို ဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မုံရွာမြို့၊ မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဆန်းလင်း၊ နယ်ထိန်း ရဲအရာရှိ ဒုတိယရဲအုပ် တင့်လွင်ဦးနှင့် အဖွဲ့သည် သြဂုတ် ၂၃ရက်က မုံရွာတက္ကသိုလ် နယ်မြေအတွင်း လြုံခုံရေးလှည့်ကင်းများ ဆောင်ရွက်နေစဉ် ဖိုးလပြည့်(ခ)လပြည့်၊ ချစ်မွှေးကြိုင်သင်း၊ ဝေယံ(ခ)တိုးဝေယံ (ခ) ဘိုဝေယံထွန်းနှင့် ဝေဖြိုးအောင်ဆိုသည့် လူငယ်များကို ဖုန်းခိုးသူ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အုပ်စုဖွဲ့လုယက်မှုများ ပေါ်ပေါက်၍ သြဂုတ် ၂၆ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

"ဖုန်းခိုးတဲ့သူလို့ မှတ်ယူရတဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေး လိုက်တဲ့အခါ သူတို့ရဲ့ပြစ်မှု ကျူးလွန်ပုံ ကျူးလွန်နည်းက စုံတွဲတွေဆီက ဓားထောက်ခြိမ်းခြောက်ပြီး လုယက်ခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက် သလိုအချို့ ဖြစ်စဉ်မှာလဲ လမ်းဘေး အိပ်ပျော်နေတဲ့ သူရဲ့အင်္ကျီအိတ်ကပ်ထဲက အလွယ်တကူ နှိုက်ယူခဲ့ တာလဲပါတယ်"ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်းက ပြောပြသည်။

လွန်ခဲ့သော ၁၅ရက်ခန့် ည ၈ နာရီက မုံရွာတက္ကသိုလ် မြောက်ဘက် ခြံစည်းရိုးအနီး မိုးကုတ်ဝိပဿနာ ကျောင်းတောင်ဘက် သဲချောင်းအနီးမှတွေ့ ရသော စုံတွဲတစ်တွဲထံမှ Huawei Y 9/2018 အမျိုးအစား အပြာရောင်ဖုန်းတစ်လုံး၊ တစ်လကျော် ည ၁ဝနာရီခန့်က မုံရွာမြို့ ကမ်းနားလမ်း ကျောက်ဆောင်ဆိပ်ကမ်း တောင်ဘက်အနီး သစ်ပင်အောက်ရှိ လူတစ်ဦးထံမှ Samsung Meja Model အမျိုးအစားအနက်ရောင် ဖုန်းတစ်လုံး၊ လွန်ခဲ့သော ၁၅ရက် ည ၈နာရီခန့်က မုံရွာမြို့ သလ္လာနယ်မြေ(၉) ရပ်နှင်းဆီခြံအနီးရှိ စုံတွဲတစ်တွဲကို ဓားပြခြိမ်းခြောက်၍ Huawei Y7 Prime Model TRT L-21 A ရွှေအိုရောင်အမျိုးအစား ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်လခန့် ည ၉နာရီက ချင်းတွင်း ဆိပ်ကမ်းအနီးရှိ လူတစ်ဦးထံမှ Honor H 30 Coo အနက်ရောင် ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်လခွဲ ည ၉နာရီက ရုံးကြီးရပ်ကွက် သလ္လာဝတီနယ်မြေ အုန်းပင်ဆိပ်ကမ်းအနီး တမာပင်ဘေးနေရာတွင် အိပ်ပျော်နေသည့် လူတစ်ဦး ထံမှ Huawei 8813 ဖုန်းတစ်လုံး၊ လွန်ခဲ့သော တစ်ပတ်ခန့်က ည ၈နာရီတွင် ရုံးကြီးရပ်ကွက် လျှပ်စစ်ရုံးအနီး လမ်းကြားရှိ စုံတွဲတစ်တွဲထံမှ VIVO 160 ရွှေအိုရောင်ဖုန်းတစ်လုံး၊ လွန်ခဲ့သော ၂ဝ ရက်က မွန်းလွဲ ၁နာရီ မိနစ် ၃ဝက မုံရွာတက္ကသိုလ် အတွင်းဘောလုံး ကွင်းအနီး ချုံပုတ်ဘေးရှိ စုံတွဲတစ်တွဲထံမှ MEIZU M5 ရောင်ဖုန်းနှစ်လုံးနှင့် လွန်ခဲ့သော ၁၂ရက်ခန့် ည ၁ဝနာရီက လယ်တီရပ် ဘူတာအနီး အိပ်ပျော်နေသူ လူတစ်ဦးထံမှ Samsung J7ဖုန်းတစ်လုံးတို့ကို လုယက်ခိုးယူခဲ့ကြောင်း ကနဦး စစ်ဆေးချက်များအရ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ဓားသုံးချောင်းကို အမှုစစ်ရဲအဖွဲ့က အမှုဖြင့် သိမ်းဆည်းထားကာ ပြစ်မှုကျူးလွန်သူများကို အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment