Pages

Tuesday, August 28, 2018

ပုဂံဒေသတွင် ငလျင်ဒဏ်နှင့် အခြားပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ဘုရားစေတီများကို တစ်ပြိုင်နက်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေ



နေပြည်တော် ၂၈-၈-၂ဝ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် အခြားစေတီဘုရားများကို တစ်ပြိုင်နက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းအရ သိရသည်။

၂ဝ၁၆ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေ ဒေသအတွင်းရှိ စေတီဘုရား ၃၈၉ ဆူ ထိခိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါထိခိုက်မှု ဖြစ်ပွားခဲ့သည့် ဘုရားစေတီများကို ပထမဦးစားပေးအဆင့်၊ ဒုတိယဦးစားပေးအဆင့်နှင့် တတိယဦးစား ပေးအဆင့်များ သတ်မှတ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ ၃၁၉ဆူမှာ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်သည်။ လက်ရှိတွင်ပြန်လည် ပြုပြင်ဆောင်ရွက် နေသည့်ဘုရားစေတီ၂၆ဆူရှိနေ သောကြောင့်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် ဘုရားစေတီ ၄၄ဆူသာကျန်ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စေတီဘုရားများကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရမည့်ဘုရားစေတီများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဒေသတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများကို ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက် နေစဉ်ပြုပြင်ထိန်သိမ်းရန် လိုအပ်သည့် အခြားဘုရားစေတီများ ကိုလည်းပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment