Pages

Thursday, July 5, 2018

ရှမ်းရိုးမတောင်တက် ခရီးစဉ်တွင် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်မည်



မုံရွာ ၅-၇-၂ဝ၁၈

မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်၏ ၂ဝ၁၈ခုနှစ် စည်းရုံးလေ့ကျင့်မှု အစီအစဉ် ရှမ်းရိုးမတောင်တက် ခရီးစဉ်တွင် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်တက်ရောက် နိုင်ရေး လေ့ကျင့်လျက် ရှိကြောင်း မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ (ဘူမိဗေဒဌာန၊ ပါမောက္ခဌာနမှူး)က ပြောပြ၍ သိရသည်။

မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူများ တောင်တက်ခရီးစဉ် အတွေ့အကြုံကောင်းများ ရရှိစေရန်၊ မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ရေခဲတောင်များကို တက်ရောက်ရန် ကလောခရီးစဉ်သည် အထောက်အပံ့တစ်ခု ဖြစ်စေရန်အတွက် လေ့ကျင့်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

"အဲဒီခရီးစဉ်ကို အောင်မြင်စွာလိုက်ပါ လေ့ကျင့်နိုင်ဖို့အတွက် မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းက အသင်းသား၊ အသင်းသူတွေ ပုံမှန်အပတ်စဉ် လမ်းလျှောက်လေ့ကျင့်တယ်၊ မုံရွာမြို့နယ် အနီးတစ်ဝိုက်မှာရှိတဲ့ ကျောက္ကာတောင်၊ တွင်းမတောင်၊ ဗောဓိတထောင်က တောင်ကြောတွေကို ခရီးတိုတက်ရောက်ပြီး လေ့ကျင့်နေပါတယ်"ဟု မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်နီ(ဘူမိဗေဒဌာန၊ပါမောက္ခဌာနမှူး)က ပြောပြသည်။

မုံရွာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းမှ အသင်းသား၊ အသင်းသူဦးရေ ၃ဝ ပါဝင်သော မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်နှင့် ပူးပေါင်းသည့် ရှမ်းရိုးမ တောင်တက်ခရီးစဉ်တွင် ရှမ်းပြည်နယ် ကလောမြို့နယ် အတွင်း အမြင့်ပေ ၆ဝ၃၅ ပေရှိ ဆင်တောင်ကို ဇူလိုင် ၂၇ရက်တွင် လည်းကောင်း၊ အမြင့်ပေ ၅၈၃ဝရှိ မြင်းမထိတောင်ကို ဇူလိုင် ၂၈ရက်တွင်လည်းကောင်း တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment