Pages

Thursday, July 5, 2018

ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



နေပြည်တော် ၅-၇-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃ရက်နှင့် ယနေ့တို့တွင် ခန့်မှန်းငွေကျပ် သိန်းပေါင်း ၄ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၈ခုနှစ် ဇူလိုင် ၃ ရက်ည ၈ နာရီခန့်တွင် တာချီလိတ်မြို့၏ အနောက်ဘက်ရှိ တာချီလိတ်-မိုင်းဆက် သွားကားလမ်း၏ တောင်ဘက် မီတာ ၆ဝဝဝ ခန့်အကွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်အသွားအလာများကို စစ်ဆေးလျက်ရှိစဉ် မော်တော်ဆိုင်ကယ် သုံးစီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ မော်တော်ဆိုင်ကယ် မောင်းနှင်သူသုံးဦးမှာ လမ်း၏တောင်ဘက် လျှိုအတွင်းသို့ ခုန်ချထွက် ပြေးသွားခဲ့သည်။

သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ် များကို ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြား၌ တုပ်နှောင်ထားသည့် ကျောပိုးအိတ်သုံးလုံး အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၃ဝဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၃ဝဝခန့်) ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် အဆိုပါနေရာ တစ်ဝိုက်ကို ဆက်လက်ရှင်းလင်း ရှာဖွေရာ ယနေ့နံနက် ၈ နာရီခန့်တွင် ၎င်းနေရာအနီးရှိ လျှိုအတွင်းမှ ခရီးဆောင်အိတ် တစ်လုံးနှင့်အတူ အနီးတွင် ပြန့်ကျဲနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝဝဝ ပါအထုပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂ဝဝဝခန့်)ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်များနှင့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း သိမ်းဆည်းရမိ မော်တော်ဆိုင်ကယ်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်။ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment