Pages

Monday, July 16, 2018

အင်းတော်မြို့နယ် မော်လူးမြို့တွင် လိုင်စင်မဲ့ယာဉ်တစ်စီး ဖမ်းမိ



အင်းတော် ၁၆-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့တွင် အထောက်အထား ခိုင်လုံအောင် မတင်ပြနိုင်သော လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မော်လူး နယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် သက်ဦးမောင်နှင့် အဖွဲ့သည် ဇူလိုင် ၁၄ရက် ည ၉ နာရီ၅မိနစ်က မော်လူးအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အဖွဲ့နှင့်အတူ မော်လူးရဲစခန်း ပိုင်နယ်မြေ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမရှိမင်းချမ်းသာရပ်ကွက်နှင့် မင်းဇေယျာ ရပ်ကွက်လမ်းဆုံတွင် ယာဉ်ဖြတ်သန်း သွားလာမှုများကို စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးမှ မြစ်ကြီးနားဘက်သို့ သန်းဆွေ မောင်းနှင်လာသော အဖြူရောင်ယာဉ် (နံပါတ်မပါ ကာလ တန်ဖိုးငွေကျပ် ၃၃ဝဝဝဝဝ ခန့်ကို တွေ့ရှိ၍ စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ မတင်ပြနိုင်သဖြင့် သက်သေများ ရှေ့မှောက်တွင် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်နှင့် ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်မောင်း သန်းဆွေ (ဘ) ဦးချစ်မြိုင်အိုးတန်းရပ် မိုးကောင်းမြို့နေသူကို မော်လူးနယ်မြေရဲစခန်းက (ပ)၂၉/၂ဝ၁၈၊ ပို့/သွင်းပုဒ်မ-၈ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment