Pages

Monday, July 16, 2018

ခရီးသည်တင်ယာဉ်ပေါ်မှ ကျွန်းတံခါးချပ်များနှင့် ကျွန်းသစ်ခွဲသားများ ဖမ်းမိ



မိုးကောင်း ၁၆-၇-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ရှိ ဗန်းမော်မန်း ကားဂိတ်၌ ခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါး ချပ်များနှင့် ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ခင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီက မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်နိုင်ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ တရားမဝင်သစ်များ သယ်ဆောင်လာမည့် ကြိုတင်သတင်းအရ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ရှိ ဗန်းမော်-မန်းကားဂိတ်တွင် စောင့်ဆိုင်း နေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် ဦးခင်မောင်ရီမောင်းနှင်ကာ ယာဉ်နောက်လိုက် သူထူးပိုင်နှင့် ခရီးသည်များ လိုက်ပါလာသည့် ယာဉ်အမှတ် 3E/ ---- ခရီးသည်တင် မှန်လုံယာဉ် ရောက်ရှိလာသဖြင့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ တရားမဝင် ကျွန်းတံခါးချပ် ၁၃ချပ်နှင့် ကျွန်းသစ်ခွဲသားအရွယ်စုံ ၇၄ ချောင်း ကာလတန်ဖိုးငွေကျပ် ၆၁၄၈ဝဝ ကို ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ခင်မောင်ရီ စစ်ကိုင်းမြို့နေသူနှင့် ယာဉ်နောက်လိုက် သူထူးပိုင် ပုသိမ်မြို့နေသူတို့ကို မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက (ပ)၁ဝ၄/၂ဝ၁၈၊ သစ်တောဥပဒေပုဒ်မ-၄၃(က)ဖြင့် အမှုဖွင့်ဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment